Saturday, March 17, 2018

Redmi Note 5 Proကို မကြာသေးမီက အိန္ဒိယဈေးကွက်မှာ မိတ်ဆက် March 17, 2018 Technology News

Redmi Note 5 Proကို မကြာသေးမီက ဈေးနှုန်းချိုသာစွာဖြင့်
အိန္ဒိယဈေးကွက်မှ မိတ်ဆက်ပေးလိုက်တဲ့ Xiaomiရဲ့နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်ပါသည်။
Redmi Note 5 ProမှာScreenကို၅.၉၉-inchအသုံးပြုထားပြီး
Resolutionကိုတော့2160×1080 pixel IPS LCD
အသုံးပြုထားတဲ့အတွက် ရုပ်ထွက်လည်း ကြည်လင်ပြက်သားမှုရှိပါသည်။
Rear Cameraကို 12MPအသုံးပြုထားပြီး အနောက်ဘက်မှာ 5MP Camera တပ်ဆင်ထားပါတယ်။

Tuesday, July 4, 2017

" Sky Dancer "



 Sky Dance ဟာ ထူးခြားတဲ့ပုံစံနဲ့ အခြား running ဂိမ်းတွေနဲ့ အမြင်မတူညီတဲ့ running ဂိမ်းသစ်တစ်ခု ဖြစ်ပါတယ်။ တကယ့်ကို ချစ်စရာကောင်းပြီး လှပတဲ့ဂိမ်းဖြစ်ကာ ကစားသူတွေကို စိတ်လက်အပန်းပြေစေသလို စိတ်လှုပ်ရှားမှုတွေလည်းပေးနိုင်တဲ့ ဂိမ်းတစ်ခုပါ။ အပြင်မှာ လေထီးခုန်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ဒီဂိမ်းမှာတော့ ကစားသူတွေကို လေထီးခုန်တဲ့ အတွေ့အကြုံကို ပေးနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ လှပတဲ့ 3D art style နဲ့ ဂိမ်းမြေပုံကို ဖန်တီးပေးထားပြီး အမြင်ဆန်းသစ်မှု ရှိပါတယ်။ အဆုံးအစမရှိ ပြေးလွှားပြီး ခုန်ပျံတာ၊ ရွှေဒင်္ဂါးတွေ ကောက်ယူတာ၊ အတားအဆီးတွေကို ခုန်ရှောင်တာတွေ ပြုလုပ်ရမှာပါ။ လွင့်မျောနေတဲ့ ကျောက်တုံးတစ်ခုကနေ အခြားတစ်ခုဆီရောက်အောင် ခုန်ကူးပြီး ဇာတ်ကောင်ပြုတ်မကျအောင် ထိန်းချုပ်ကစားရမှာ ဖြစ်ပါတယ်။ ပြေးလွှားရတာ မခက်ခဲပေမယ့် ကျောက်တုံးတစ်ခုကနေ တစ်ခုဆီကို ရောက်အောင်ခုန်ချရတာ စိန်ခေါ်မှုများပါတယ်။ ဇာတ်ကောင်ကို ပစ်မှတ်ဆီ မှန်ကန်တိကျစွာခုန်ချပြီး လှလှပပဆင်းသက်နိုင်အောင် ထိန်းချုပ်တတ်ဖို့ အဓိကဖြစ်ပါတယ်။ ဆင်းရမယ့်နေရာနဲ့ လွဲသွားတာ ဒါမှမဟုတ် လမ်းမှာ အတားအဆီးတစ်ခုခုကို တိုက်မိတာနဲ့ game over ဖြစ်ပါတယ်။ ဒီဂိမ်းကိုကစားဖို့အတွက် iOS 7.0 နဲ့အထက် လိုအပ်ပါတယ်။


Credit = = > NetGuide Journal (Every Wednesday)

Publisher~~မင်းစည်သူ

ဒေါင်းလုပ်ဆွဲနည်းမသိသူများဖတ်ရန်

www.myanmarappscentre.blogspot.com/

Myanmar Application Centre { Download Now } အခမဲ့ဒေါင်းလုပ်ရယူပါ

Sunday, July 2, 2017

" Samsung galaxy Note 8 ကင်မရာနဲ့လက်ဗွေစနစ်က galaxy S8 ဒီဇိုင်းနှင့်တူညီနေ "

Samsung galaxy Note 8 ရဲ့ ဒီဇိုင်းပုံစံတွေ ထပ်မံပေါက်ကြားလာပြီးOnLeaks မှာ တင်ထားတဲ့သတင်းအရဆိုရင် Note 8 ရဲ့ fingerprint sensor ကနောက်ကျောဘက်မှာ ရှိနေတာတွေ့ရပါတယ်။
ဒါ့အပြင်Galaxy S8 မှာဝေဖန်မှုများခဲ့တဲ့နောက်ကျောဘက် ကင်မရာရဲ့ညာဘက်ခြမ်းမှာ fingerprint scanner ပါဝင်မှုက Note 8 အထိဝေဖန်စရာတစ်ခုအနေနဲ့ဆက်ပြီးသယ်ဆောင်လာသလို ဖြစ်နေပါတယ်။
ဒါပေမယ့်လည်းထွက်ပေါ်လာတဲ့ပုံတွေကိုတော့မှန်တယ်ဆိုတာအတည်ပြုမထားပါဘူး။ထွက်ပေါ်လာတဲ့ပုံအရတော့ဒီစမတ်ဖုန်းမှာ lens နဲ့ကပ်လျက်မှာ scanner ရှိပြီး dual-lens ကင်မရာပါဝင်တယ်လို့သိရပါတယ်။
Samsung က display မှာ မြှုပ်ထားတဲ့ scanner နည်းပညာကို သုံးမယ်လို့ဆိုခဲ့ပေမယ့်အဆင်ပြေပုံမပေါ်ပါဘူးလို့ကျွမ်းကျင်သူတွေကဆိုပါတယ်။
ကောလာဟလသတင်းတွေအတိုင်း Apple ကုမ္ပဏီကသာ သူတို့ရဲ့အသစ်ထွက် iPhone ရဲ့စကရင်မှာ fingerprint sensor ထည့်သွင်းနိုင်ခဲ့မယ်ဆိုရင်ဆမ်ဆောင်းအတွက် ပြသာနာပိုကြီးသွားနိုင်ပါတယ်။
Galaxy Note 8 ကို သြဂုတ်လ သို့မဟုတ် စက်တင်ဘာလမှာ မိတ်ဆက်မယ့်လို့သတင်းတွေထွက်ပေါ်ထားပေမယ့်သတင်းတချို့ကတော့ screen fingerprint စနစ်ထည့်သွင်းနိုင်ဖို့ မိတ်ဆက်မယ့်ရက် နောက်ကျနိုင်တယ်ဆိုတဲ့ခန့်မှန်းချက်တွေလည်းထွက်ပေါ်ခဲ့ပါတယ်။ Note 8  စမတ်ဖုန်းမှာထောင့်စွန်းအဝိုင်းပုံနဲ့ 6.2 လက်မရှိမျက်နှာပြင်၊ကင်မရာနှစ်လုံး၊ Display ကိုထိလိုက်တာနဲ့ vibrate လုပ်နိုင်မယ့် S Pen တို့ပါရှိပါတယ်။ Note 8 မှာနောက်ဆုံးထွက် Qualcomm နဲ့ Snapdragon 835 processor တို့ပါဝင်လာဖို့လည်းမျှော်လင့်ရပါတယ်။
လက်ရှိ S8 မှာတပ်ဆင်ထားတဲ့ကင်မရာညာဘက်က fingerprint ကြောင့်အသုံးပြုသူတွေအနေနဲ့ကင်မရာကိုအသုံးမပြုခင် lens ကို သန့်ရှင်းရေးလုပ်ကြရတယ်လို့သိရပါတယ်။ Note 8 မှာ ကင်မရာနဲ့ fingerprint ဆင်ဆာထားရှိတဲ့နေရာ ပြင်ဆင်ဖို့ ဝိုင်းဝန်းအကြံပြုထားပေမယ့် OnLeaksရဲ့ပုံတွေသာ အမှန်ဆိုရင်တော့ကင်မရာနဲ့ fingerprint နေရာအထားအသိုက S8 မှာ လိုပဲ ထည့်သွင်းထားတာဖြစ်နိုင်ပါတယ်။

#express.co.uk

သံစဉ်ချို

Credit = = > NetGuide Journal (Every Wednesday)


Publisher~~မင်းစည်သူ

ဒေါင်းလုပ်ဆွဲနည်းမသိသူများဖတ်ရန်

www.myanmarappscentre.blogspot.com/

Myanmar Application Centre { Download Now } အခမဲ့ဒေါင်းလုပ်ရယူပါ

" တယ်လီနော၏ 4G/LTE ၀န်ဆောင်မှုများကို မြစ်ကြီးနားမြို့နှင့်အတူ ၀ိုင်းမော်မြို့တွင်ပါ တိုးချဲ့ပေးအပ် "


တယ်လီနော၏ 4G/LTE ၀န်ဆောင်မှုများကို ယခုအခါ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့နှင့်အတူ ၀ိုင်းမော်မြို့တွင်ပါ တိုးချဲ့ပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
" တယ်လီနောသုံးစွဲသူတွေအနေနဲ့ သာလွန်အကောင်းမွန်ဆုံးသုံးစွဲမှု အတွေ့အကြုံတွေရရှိစေဖို့ အခုလို 4G/LTE ၀န်ဆောင်မှုတွေကို ပေးအပ်နိုင်တဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ၀န်ဆောင်မှုတွေကို အခုလို တိုးချဲ့ပေးအပ်နိုင်တာဟာ ထူးခြားဆန်းသစ်တဲ့ ၀န်ဆောင်မှုတွေကို သုံးစွဲသူတွေ ဘယ်နေရာမှာနေနေ ရရှိသုံးစွဲနိုင်စေရေးဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိက၀တ်ကို ဖြည့်ဆည်းပေးမှု တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်။ တယ်လီနောသုံးစွဲသူတွေအနေနဲ့ အခုဆိုရင် သာလွန်ကောင်းမွန်တဲ့နှုန်းနဲ့ ဒေါင်းလုတ်ကူးယူမှု၊ hi-definition ဗီဒီယိုတွေကို အပြတ်အတောက်မရှိ ချောချောမွေ့မွေ့ ကြည့်ရှုနိုင်မှု၊ ဂိမ်းတွေကို အထစ်အငေါ့ကင်းကင်း ကစားနိုင်မှု၊ လူမှုကွန်ရက်တွေကို အကောင်းမွန်ဆုံး အသုံးပြုနိုင်မှု၊ လူသုံးများတဲ့ အချိန်တွေမှာလည်း တည်ငြိမ်တဲ့ ကွန်ရက်ဝန်ဆောင်မှုကို အသုံးပြုနိုင်မှု စတာတွေပါဝင်တဲ့ ပြီးပြည့်စုံတဲ့ အင်တာနက်အသုံးပြုမှု အတွေ့အကြုံကို ရရှိခံစားနိုင်ပါပြီ " ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ တယ်လီနောသည် တာဝါတိုင်ပေါင်း 260 ကျော်ဖြင့် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း 15 ခုကို ကွန်ရက်လွှမ်းခြုံထားပြီးဖြစ်ကြောင်း သိရှိရသည်။

Credit = = > NetGuide Journal (Every Wednesday)

Publisher~~မင်းစည်သူ

ဒေါင်းလုပ်ဆွဲနည်းမသိသူများဖတ်ရန်

www.myanmarappscentre.blogspot.com/

Myanmar Application Centre { Download Now } အခမဲ့ဒေါင်းလုပ်ရယူပါ

Tuesday, May 23, 2017

" Huawei Mate 9 VS Sony Xperia XA1 Ultra "

 ဒီတစ်ပတ်တော့ Huawei Mate 9 နဲ့ Sony Xperia XA1 Ultra ဆိုတဲ့ အဆင့်မြင့်စမတ်ဖုန်း 2 လုံးရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကို ခွဲခြားပြသပေးသွားမှာပဲ ဖြစ်ပါတယ်။ ၄င်းဖုန်း 2 လုံးက အတန်းအစားတူညီတဲ့ အဆင့်မြင့်စမတ်ဖုန်း 2 လုံးဖြစ်ပြီး  တူညီတာတွေရှိသလို ကွဲပြားတာတွေလည်း ရှိပါတယ်။ စက်စွမ်းဆောင်ရည်၊ Internal memory ကင်မရာအရည်အသွေးနဲ့ ဘက်ထရီစွမ်းအားတွေမှာ ကွာခြားမှုတွေ အနည်းငယ်ရှိပြီး မျက်နှာပြင်အမျိုးအစား၊ မျက်နှာပြင်စွမ်းအား၊ အထဲမှာ  run  ထားတဲ့ OS အမျိုးအစားနဲ့ RAM ပမာဏချင်းကတော့ အတူတူပါပဲ။ Sony Xperia XA1 Ultra ကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Huawei Mate 9 ကိုတော့ ၄င်း networks တွေအပြင် EVDO နဲ့ CDMA တွေမှာပါ သုံးစွဲနိုင်ပါတယ်။ ဖုန်း 2 ခုလုံးက Single SIM နဲ့ Dual SIM ဆိုတဲ့ version 2 မျိုးလုံး ထုတ်လုပ်ပေးထားပြီး ထည့်သွင်းရမယ့် Nano SIM card အမျိုးအစားချင်းလည်း တူပါတယ်။ ဘက်ထရီစွမ်းအားပိုင်းမှာတော့ Mate 9 ကို Li-Po 4000mAh battery ထည့်ထားပြီး XA1 Ultra ကိုတော့ Li-Ion 2700mAh battery ကို ထည့်သွင်းပေးထားပါတယ်။


* Design *

1. Huawei Mate 9
Huawei Mate 9 ရဲ့ အရွယ်အစားက 156.9 x 78.9 x 7.9 mm ရှိပြီး အလေးချိန်က 190g လေးပါတယ်။ ဒီဇိုင်းပုံစံက ရိုးရိုးရှင်းရှင်းလေး တည်ဆောက်ထားပြီး နောက်ကျောဘက်မှာ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ fingerprint sensor လည်း ပါရှိပါတယ်။

2. Sony Xperia XA1 Ultra
Sony Xperia XA1 Ultra ရဲ့ အရွယ်အစားကတော့ 165 x 79 x 8.1 mm ရှိပြီး 188g လေးပါတယ်။ ဒါကြောင့် အရွယ်အစားနဲ့ အလေးချိန်က သိပ်မကွာခြားပေမယ့် Mate 9 နဲ့ ဒီဇိုင်းပုံစံ လုံးဝမတူဘဲ Sony ရဲ့ ဒီဇိုင်းအတိုင်းပဲ လေးထောင့်စက်စက် ထောင့်ကွေးတွေ ရှိပါတယ်။

* Processor *

1. Huawei Mate 9
စက်စွမ်းဆောင်ရည်ပိုင်းအတွက် RAM 4GB ပါရှိတဲ့ Hisilicon Kirin 960 SOcta-core (4x2.4GHz Cortex-A73 & 4x1.8GHz Cortex-A53) processor နဲ့ Mali-G71 MP8 GPU တို့ကို ပေါင်းစပ်ဖန်တီးပေးထားတာကြောင့် လုပ်ဆောင်ချက်တွေ တိကျမှန်ကန်မှု ရှိပါတယ်။


2. Sony Xperia XA1 Ultra
XA1 Ultra မှာတော့ Mediatek MT6757 Helio P20 Octa-core (4x 2.3GHz Cortex-A53 & 4x1.6GHz Cortex-A53) processor ကို ထည့်သွင်းပေးထားပြီး RAM က 4GB ပါရှိပါတယ်။ ဒါကြောင့် စက်စွမ်းဆောင်ရည်ပိုင်းမှာလည်း သိပ်တော့မကွာခြားပါဘူး။



* Display *

1. Huawei Mate 9
မျက်နှာပြင်အကျယ် 5.9-inch ရှိပြီး IPS LCD capacitive touchscreen display အမျိုးအစားကို သုံးထားပါတယ်။ ပြသနိုင်တဲ့ မြင်ကွင်းစွမ်းအားက 1080 x 1920 pixels ရှိပြီး မျက်နှာပြင်ကို Corning Gorilla Glass 3 နဲ့ ဖုံးအုပ်ကာကွယ်ထားပါတယ်။

2. Sony Xperia XA1 Ultra
မျက်နှာပြင်အကျယ် 6 လက်မရှိပြီး Mate 9 နဲ့ display အမျိုးအစားရော ပြသနိုင်တဲ့ မြင်ကွင်းစွမ်းအားရော အတူတူပါပဲ။ ဖုန်း 2 ခုစလုံးမှာ multitouch စနစ်ပါရှိပြီး XA1 Ultra ရဲ့မျက်နှာပြင်ကို Scratch-resistant glass (> 9H) နဲ့ ဖုံးအုပ်ကာကွယ်ထားပါတယ်။

* Verdict *

1. Huawei Mate 9
Huawei Mate 9 က အဆင့်မြင့်စမတ်ဖုန်းတစ်လုံးရဲ့ Specs တွေ၊ features တွေပါရှိတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး ဒီဇိုင်းကိုလည်း Premium ကျကျနဲ့ ထုတ်လုပ်ပေးထားတာကို တွေ့ရပါတယ်။ ရရှိနိုင်တဲ့ အရောင်တွေကတော့ အနီ၊ အပြာ၊ မီးခိုး၊ ငွေရောင်၊ ရွှေရောင်၊ အညို၊ အဖြူနဲ့ အမည်းတို့ပဲ ဖြစ်ပါတယ်။

2. Sony Xperia XA1 Ultra
Sony Xperia XA1 Ultra ကတော့ မကြာသေးမီကမှ ဈေးကွက်ထဲကို ရောက်ရှိလာခဲ့ပြီး Sony ပရိသတ်တွေကတော့ အကြိုက်တွေ့ခဲ့တဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးပါ။ ၄င်းကိုတော့ အမည်းရောင်၊ ရွှေရောင်၊ အဖြူရောင်နဲ့ ပန်းရောင်ဆိုတဲ့ အရောင် 4 မျိုးကို ထုတ်လုပ်ပေးထားတာကို တွေ့ရပါတယ်။

NetGuide Journal (Every Wednesday)



Publisher~~မင်းစည်သူ

ဒေါင်းလုပ်ဆွဲနည်းမသိသူများဖတ်ရန်

www.myanmarappscentre.blogspot.com/

Myanmar Application Centre { Download Now } အခမဲ့ဒေါင်းလုပ်ရယူပါ

" Honor 9 ကို ဇွန်လ 20 သို့မဟုတ် 21 ရက်နေ့တွင် မိတ်ဆက်မည် "

 Huawei ရဲ့ Honor Series Smart­phone အသစ်တစ်လုံးရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပါတယ်။ Honor 9  လို့ အမည်ပေးထားပြီး စွမ်းဆောင်ရည်သင့် အမျိုးအစားဖြစ်ပါတယ်။ အဲဒီစမတ်ဖုန်းကို ဇွန်လ 20 သို့မဟုတ် 21 ရက်နေ့မှာ မိတ်ဆက်မှာဖြစ်ပြီး 362 ဒေါ်လာတန်ကြေးရှိမှာဖြစ်ပါတယ်။ မြန်မာငွေအားဖြင့် 480,000 ၀န်းကျင်ကျသင့်မှာဖြစ်ပါတယ်။ Huawei Honor 9 မှာ 3.5mm Audio Jack ကို ဖယ်ရှားထားမယ်လို့ယခင် ထွက်ပေါ်ခဲ့တဲ့ သတင်းများကဆိုပါတယ်။ Huawei က Honor 9 နဲ့ အတူ Honor 8s ကို လည်း မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။ Huawei Honor 9 မှာ 5.2 လက်မ Full HD Display , Kirin 960 Chipset တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ 32GB or 64GB Internal Storage များရွေးချယ်နိုင်ပါတယ်။ UFS 2.0 Storage အမျိုးအစားဖြစ်ပါတယ်။ microSD Card  ကိုလည်း အသုံးပြုနိုင်မယ်လို့ထင်ရပါတယ်။ 4GB RAM or 6GB RAM တပ်ဆင်ထားမှာဖြစ်ပါတယ်။ အနောက်ဘက်မှာ 22MP နဲ့ 12MP Monochrome Camera 2  လုံးကို ပူးတွဲတပ်ဆင်ထားမှ ဖြစ်ပါတယ်။ 3000mAh  Battery  ပါမှာဖြစ်ပါတယ်။ လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ Honor 9  ရဲ့ သတင်းအချက်အလက်များကို ပိုမို သိရှိရမှာဖြစ်ပါတယ်။

Source - NetGuide Journal (Every Wednesday)



Publisher~~မင်းစည်သူ

ဒေါင်းလုပ်ဆွဲနည်းမသိသူများဖတ်ရန်

www.myanmarappscentre.blogspot.com/

Myanmar Application Centre { Download Now } အခမဲ့ဒေါင်းလုပ်ရယူပါ

" Xiaomi Mi Max 2 ကို မေလ (25) ရက်နေ့တွင် စတင်ရောင်းချမည် "


Xiaomi အနေနဲ့ Mi Max တုန်းကလိုပဲ Mi Max 2 စတင်ရောင်းချမှုကို တရုတ်ပြည်တွင်းကနေ စတင်မယ်လို့ သိရပါတယ်။ Mi Max 2 ကို မေလ (25) ရက်နေ့မှာ စတင်ရောင်းချမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး Xiaomi Mi Max 2 ကို နောက်တပတ်မှာ မိတ်ဆက်မယ်လို့ သူတို့ website မှာလည်း ဖော်ပြခဲ့ပါတယ်။ Mi Max ရောင်းချမှုတုန်းကလိုပဲ Mi Max 2 က အောင်မြင်မယ်လို့လည်း ယုံကြည်ထားပါတယ်။ Mi Max 2 ရဲ့ မျက်နှာပြင်က 6 လက်မကျော်ပြီး 5000mAh ဘက်ထရီ ပါဝင်မှာဖြစ်ပါတယ်။ အစောပိုင်းက ကောလာဟလတွေအတိုင်းပဲ Xiaomi Mi Max 2 ကို တရုတ်ပြည်မှာ ဦးစွာရောင်းချတာဖြစ်ပြီး စွမ်းဆောင်နိုင်တဲ့ အချက်အလက်မိတ်ဆက်မှုကိုတော့ Weibo မှာ တင်ခဲ့ပါတယ်။ Xiaomi Mi Max 2 ကို Snapdragon 626 Soc နဲ့ RAM 4G ၊ Snapdragon 660Soc နဲ့  RAM 6G ဆိုပြီး နှစ်မျိုးထွက်ရှိလာမှာဖြစ်ပြီး ဈေးနှုန်းကတော့ တရုတ်ယွမ် 1499  ( ရူပီး 14000) နဲ့ တရုတ်ယွမ် 1699 (ရူပီး 15900) အသီးသီးရှိမှာဖြစ်ပါတယ်။ အစပိုင်းပေါ်ထွက်ခဲ့တဲ့ သတင်းတွေအရ 6.44 လက်မရှိတဲ့ မျက်နှာပြင်၊ Sony IMX378 sensor နဲ့ 12 Megapixel ရှိတဲ့ နောက်ကင်မရာ၊ 5 Megapixel ရှိတဲ့ ရှေ့ကင်မရာတို့ ပါဝင်လာမယ်လို့ သိရပါတယ်။ Mi Max တုန်းကလိုပဲ Xiaomi Mi Max 2 ကိုလည်း တရုတ်ပြည်ပြင်ပမှာ နောက်ထပ်မိတ်ဆက်ရောင်းချဦးမယ်လို့ ခန့်မှန်းရပါတယ်။ Internal storage 128GB ရှိမယ့် Mi Max 2 ရဲ့ Body ကို metal နဲ့ ပြုလုပ်ထားတယ်လို့ သတင်းပေါက်ကြားထားပါတယ်။ ဒီဟန်းဆက်မှာဆိုရင် အောက်ခြေအစွန်မှာ စပီကာနှစ်လုံးနဲ့ USB Type-C Port လည်း ပါရှိမယ်လို့လည်း ဆိုထားပါတယ်။ 3.5 မီလီမီတာ audio jack ကတော့ ဟန်းဆက်ရဲ့ အပေါ်ဘက်မှာရှိပြီးတော့ Fingerprint ကတော့ နဂိုခန့်မှန်းခဲ့ကြတဲ့အတိုင်း နောက်ကျောဘက်အလယ်တည့်တည့်မှာ တပ်ဆင်ထားတာဖြစ်ပါတယ်။

သံစဉ်ချို

Source - NetGuide Journal (Every Wednesday)



Publisher~~မင်းစည်သူ

ဒေါင်းလုပ်ဆွဲနည်းမသိသူများဖတ်ရန်

www.myanmarappscentre.blogspot.com/

Myanmar Application Centre { Download Now } အခမဲ့ဒေါင်းလုပ်ရယူပါ